သရုပ်ဆောင်သင်ဇာဝင့်ကျော်ရဲ့ ချစ်သူဟောင်းဖြစ်တဲ့ ရဲရင့်မိုးကို ပရိသတ်တွေက သူမနဲ့ အဆင်ပြေပြေ ပြန်မြင်ချင်တယ်လို့ မှတ်ချက်ပေးခဲ့ကြတာလည်းဖြစ်ပြီး ဒါတွေကို ရဲရင့်မိုးက လက်ရှိမှာ ကိုယ့်ဘဝနဲ့ကို အေးချမ်းနေပြီမို့ အဆင်ပြေကြောင်း တုံ့ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ရဲရင့်မိုးဟာ သင်ဇာဝင့်ကျော် အကျဉ်းကျနေစဉ်အတွင်းမှာ သူမနဲ့ပြတ်သွားပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့တာပါ။ ရဲရင့်မိုးနဲ့ သင်ဇာဝင့်ကျော်တို့ ပြတ်ဆဲသွားခဲ့တာ ယခုဆို၁ နှစ်ခွဲကျော်ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။



