မနေ့ညက အကယ်ဒမီ ထွန်းထွန်းရေးတင်ခဲ့တဲ့ ပို့စ်ကြောင့် ဂယက်ဖြစ်နေခဲ့ကြတာဖြစ်ကာအဆိုေတာ်ထွန်းထွန်းဟာ အကယ်ဒမီဆုကို ပွဲချောင်လို့ရခဲ့တာဖြစ်တယ်လို့ ပြောခဲ့တဲ့သူတစ်ဦးကို သူရခဲ့တဲ့ အကယ်ဒမီဟာ ဒိတ်ဒိတ်ကြဲတွေ နွှဲခဲ့တဲ့ နှစ်မှာရခဲ့တာဖြစ်ပြီး ရပ်ပါကနေ သရုပ်ဆောင်လောကကိုဝင်လာသူတွေထဲက ပထမဆုံးရခဲ့တဲ့ သူ ဖြစ်တာကြောင့် ကြွယ်မယ်ဆိုရင် ကြွယ်လို့ရတာတွေအများကြီးဖြစ်ကြောင်း ပြောပါတယ်။ ပရိသတ်တွေကတော့ ထွန်းထွန်းပြောတဲ့သူကို ထင်ကြေးတွေပေးနေကြပြီး နေဝင်း၊ ရဲရင့်အောင် ၊ ရွှေထူး စတဲ့ အနုပညာရှင်တွေ မဟုတ်ကြဘူးလို့ ထွန်းထွန်းက ပြန်လည်ဖြေရှင်းထားပါတယ်။ ယုန်လေးကတော့ ဒီအပေါ်မှာ ဘယ်သူလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်အောင်ပြောဖို့နဲ့ ဘယ်သူဖြစ်ဖြစ် ကိုယ့်လူမှန်တယ်လို့ သူက အားပေးထောက်ခံခဲ့တာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်ထွန်းထွန်း အကယ်ဒမီရတဲ့နှစ်က ပွဲချောင်လို့ရခဲ့တယ်လို့ပြောတဲ့သူကို ကွက်ကွက်ကွင်းကွင်း မြင်အောင်ပြောပြဖို့ တောင်းဆိုလိုက်တဲ့ အဆိုတော်ယုန်လေး
Aug 22 • 8:31 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
5 | 0 | 0 | 0 |