မြန်မာနိုင်ငံရဲ့ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ပိတ်ထားခြင်းကြောင့် ကုန်တင်ကား ၄၀၀ ကျော် ပိတ်မိနေတာကို ဖြေရှင်းရန် ထိုင်းနိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က မြန်မာသံအမတ်ကြီးကို ဆွေးနွေးရန် ဖိတ်ခေါ်ဖို့ ပြင်ဆင်နေကာထိုင်းနိုင်ငံခြားကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က မြန်မာနိုင်ငံဟာ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှုကို ထိန်းချုပ်ဖို့အတွက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှစတင်ကာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ကို ပိတ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ဟာ နှစ်နိုင်ငံကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောင်းဖြစ်ပြီး ၎င်းပိတ်လိုက်ခြင်းသည် ထိုင်းနိုင်ငံရဲ့ ပို့ကုန်တွေကို ပြင်းထန်စွာ ထိခိုက်စေခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကလည်း အဆိုပါ အခြေအနေသည် ဆက်လက်ဖြစ်ပေါ်နေပါက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြောင်းလဲသွားနိုင်ပြီး ပို့ကုန်လုပ်ငန်းများကို တိုက်ရိုက်ထိခိုက်လာနိုင်ကြောင်း စိုးရိမ်နေကြပါတယ်။လက်ရှိအခြေအနေအရ ကုန်တင်ကားများ ရနောင်းဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းများ ပြန်လည်ပို့ဆောင်ဖို့ အကြံပြုထားပါတယ်။ DFT ဟာ မြန်မာသံအမတ်ကြီးနဲ့ ဆွေးနွေးမှုရလဒ်တွေကို ကုန်သွယ်ရေးဝန်ကြီးသို့ တင်ပြမှာဖြစ်ပြီး နောက်ထပ် ဆွေးနွေးပွဲများ ပြုလုပ်သွားဖို့လည်း စီစဉ်ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်၌ ပိတ်မိနေသည့် ကုန်တင်ကား(၄၀၀)ကျော်ကိစ္စဖြေရှင်းရန် ထိုင်းဘက်ကပြင်ဆင်နေ
Aug 22 • 8:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
6 | 0 | 0 | 0 |