ကရင်ပြည်နယ်တွင် ခရီးစဉ်ဒေသသစ်များဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်

Aug 21 • 3:23 PM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်တွင် ခရီးစဉ်ဒေသသစ်များဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်

ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုပိုမိုများပြားလာသည်နှင့်အညီ ဒေသတွင်းခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်စီစဉ်ဆောင...


ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုပိုမိုများပြားလာသည်နှင့်အညီ ဒေသတွင်းခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်စီစဉ်ဆောင်ရွက်နေကြသည်။ထိုသို့ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၈/၂၀၂၅)အစည်းအဝေးကိုလည်း ယမန်နေ့ (ဩဂုတ် ၂၀) က ပြုလုပ်ခဲ့ကြသည်။ ထိုနည်းတူ ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင်၊ဣစ္ဆာသယ ဂူခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက ခရီးစဉ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။



news-view-count-icon

79