အာဆီယံချန်ပီယံရှစ်ဗိုလ်လုပွဲအပြီးမှာ မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းအနေနဲ့ ငွေတံဆိပ်ရအသင်းနဲ့အတူ မြန်မာနိုင်ငံကို ပြန်လိုက်မလာဘဲ မိခင်ကလပ် ဆာဘားအက်ဖ်အေအသင်းရှိရာ မလေးရှားနိုင်ငံကို တိုက်ရိုက်ပြန်သွားခဲ့ပါတယ်။ ကစားသမားဝင်းသိင်္ဂီထွန်းဟာ ပြိုင်ပွဲမစတင်ခင်ကလည်း မလေးရှားနိုင်ငံကနေ ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်ကို တိုက်ရိုက်လာရောက် ပူးပေါင်းခဲ့တာဖြစ်ကာဝင်းသိင်္ဂီထွန်း ပါဝင်ကစားနေတဲ့ ဆာဘားအက်ဖ်အေဘောလုံးအသင်းဟာ ဒီရာသီမလေးရှားလိဂ်အဖွင့် သုံးပွဲကစားပြီးချိန်မှာ သုံးပွဲစလုံးအနိုင်ရပြီး ရမှတ်ကိုးမှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပါတယ်။
အာဆီယံချန်ပီယံရှစ်ဗိုလ်လုပွဲအပြီးမှာ မြန်မာအမျိုးသမီးအသင်းခေါင်းဆောင်ဝင်းသိင်္ဂီထွန်း မလေးရှားကလပ်ကို တန်းပြန်
Aug 21 • 5:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
5 | 0 | 0 | 0 |