မန္တလေးမြို့ ထုံးဘို-မြစ်ငယ်လမ်း ထုံးဘိုရွာအနီးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၏ ၎င်းနယ်မြေခံ စေတနာမွန်(အုန်းချော)အသင်းအား ကနဦး စေလွှတ်ကာ ကူညီဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ဂါလံ ၂,၂၀၀ ဆံ့ အရေးပေါ်ရေသယ်ယာဥ်နှင့် တိုင်းရုံးအဖွဲ့ဝင်များထွက်ခွာကာပူးပေါင်းကူညီဆောင်ရွက်ခဲ့ရပါတယ်။မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုတော့သေချာမသိရသေးပါ။



