တောင်ကြီးမြို့ပေါ်၌ ဆိုင်ကယ်လိုက်ခိုးသူတစ်ဦးကို ရွှေညောင်၌ ဖမ်းမိ

Aug 20 • 1:40 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့ပေါ်၌ ဆိုင်ကယ်လိုက်ခိုးသူတစ်ဦးကို ရွှေညောင်၌ ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ဩဂုတ်လ (၃)ရက်နေ့ ညနေပိုင်းအချိန်ကအိမ်တံခါးဖွင့်ဆိုင်ကယ် ခိုးယူသွားခဲ့သောသူကို ဖမ်းဆီးရမိပြီးသူခိုးသည် ဆိုင်ကယ်ပိ...


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ဩဂုတ်လ (၃)ရက်နေ့ ညနေပိုင်းအချိန်ကအိမ်တံခါးဖွင့်ဆိုင်ကယ် ခိုးယူသွားခဲ့သောသူကို ဖမ်းဆီးရမိပြီးသူခိုးသည် ဆိုင်ကယ်ပိုင်ရှင်အိမ်တွင် ညတည်းနေခဲ့သည့် မိတ်ဆွေတစ်ဦးဖြစ်ကြောင်းသိရပါသည်။ခိုးယူသွားသော ဆိုင်ကယ်ကို ရွှေညောင်မြို့ရှိ အပေါင်ဆိုင်တစ်ခုတွင် ပေါင်လိုက်ကြောင်းနှင့် ယင်းမှတဆင့် ရွှေညောင်ဒေသခံတစ်ဦးမှ အပေါင်ဆိုင်မှ ဆိုင်ကယ်ဝယ်ယူပြီး တောင်ကြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌ဆိုင်ကယ် အရောင်းဝယ် လုပ်သူထံ (၄၁)သိန်းခွဲ ရောင်းခဲ့ကြောင်းသိရပါသည်။ထိုသူခိုးသည် ယခင်ကလည်း ဆေးမှုဖြင့် ထောင် ကျဖူးသူဖြစ်ပြီး ထွက်လာသည်မှာသုံးလခန့်သာရှိသေး​ကြောင်းသိရသည်။



news-view-count-icon

5