ထိုင်း SIM Card တွေကို နိုင်ငံခြားသားတွေ Passport နဲ့ပဲ မှတ်ပုံတင်နိုင်မည်

Aug 20 • 8:08 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း SIM Card တွေကို နိုင်ငံခြားသားတွေ Passport နဲ့ပဲ မှတ်ပုံတင်နိုင်မည်

ထိုင်းနိုင်ငံရဲ့ အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) က ချမှတ်လိုက်တဲ့ စည်းမျဉ်းအသစ်တွေအရ နိုင်ငံခြားသားတွေ SIM Card အသစ် ဝယ်ယူမှတ်ပုံတင်တဲ့အခါမှာ...



ထိုင်းနိုင်ငံရဲ့ အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) က ချမှတ်လိုက်တဲ့ စည်းမျဉ်းအသစ်တွေအရ နိုင်ငံခြားသားတွေ SIM Card အသစ် ဝယ်ယူမှတ်ပုံတင်တဲ့အခါမှာ နိုင်ငံကူးလက်မှတ် (Passport) ကိုသာ အဓိကအထောက်အထားအဖြစ် အသုံးပြုရတော့မှာ ဖြစ်ကာမှတ်ပုံတင်ရာမှာ Passport ပြရုံသာမကတော့ဘဲ မျက်နှာကို Scan ဖတ်တဲ့ (Facial Scan) Biometric စနစ်နဲ့ပါ စစ်ဆေးမှာ ဖြစ်ပြီး ဒါက SIM Card ဝယ်ယူသူဟာ Passport ပိုင်ရှင်အစစ်အမှန် ဟုတ်မဟုတ်ကို တိုက်ဆိုင်စစ်ဆေးဖို့ ဖြစ်ပါတယ်။

ဒီလိုစည်းကမ်းတွေ တင်းကျပ်လိုက်ရတဲ့ အဓိကအကြောင်းရင်းကတော့ SIM Card တွေကို အသုံးပြုပြီး ကျူးလွန်နေတဲ့ Call Center လိမ်လည်မှုတွေ ၊ အွန်လိုင်းရာဇဝတ်မှုတွေနဲ့ တရားမဝင်လုပ်ငန်းတွေကို နှိမ်နင်းဖို့ဖြစ်ပြီး အထောက်အထား အတုတွေနဲ့ မှတ်ပုံတင်တာ ၊ နာမည်ခံပြီး မှတ်ပုံတင်ပေးတာမျိုးတွေကို တားဆီးဖို့ ရည်ရွယ်ကာဒီစည်းမျဉ်းအသစ်တွေဟာ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက စတင်ကြေညာခဲ့ပြီး နှစ်လယ်ပိုင်းလောက်မှာ အကောင်အထည်ဖော် ကျင့်သုံးနေပြီ ဖြစ်ပြီးအရင်က နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border Pass) ၊ တခြားအထောက်အထားတွေနဲ့ မှတ်ပုံတင်လို့ရခဲ့ပေမယ့် အခုအခါမှာတော့ နိုင်ငံခြားသားအားလုံး (ခရီးသွားတွေ ၊ အလုပ်သမားတွေ ၊ ထိုင်းနိုင်ငံမှာ နေထိုင်သူတွေ ) အားလုံး SIM Card အသစ်ဝယ်မယ်ဆိုရင် Passport မဖြစ်မနေလိုအပ်မှာဖြစ်ပြီး မျက်နှာ Scan ဖတ်ပြီးမှ မှတ်ပုံတင်ရတော့မှာ ဖြစ်ပါတယ်။


news-view-count-icon

4