ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊လေးထောင့်ကန်လမ်းမကြီး နှင့် ဝေဇယန္တာလမ်းမ ကြီး မီးပွိုင့်လမ်းဆုံတွင် ရပ်နေသော ကြက်၊ဘဲ ကား ကို အိမ်စီးကား မှ အရှိန်မထိန်းနိုင်ဖြစ်ကာ ဝင် ရောက်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး စိုးရိမ်ဒဏ်ရာများ ရရှိခဲ့ကြောင်း နယ်မြေခံလူမှုကူညီ ရေးအသင်းများမှ သိရသလိုဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ် ၁၈ ရက် ည ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ပြီး နယ်မြေ ခံလူမှုကူညီရေးအသင်းများ သွားရောက်ကူညီဆောင်ရွက်ရာ အခင်းဖြစ်ပွားရာနေရာတွင် ယာဉ်တိုက် မှုကြောင့် အိမ်စီးကား မောင်းနှင်သူ အမျိုးသားတစ်ဦး ဝဲဘက်မျက်လုံး ထိခိုက်ပျက်စီး နှင့် စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။အဆိုပါ ယာဉ်တိုက်မှုကြောင့် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သော အသက် (၂၅) နှစ်အရွယ် ကိုဟိန်း ဇေယျထွန်းကို လူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အရေးပေါ်အခြေအနေ ကြောင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို ထပ်မံရွှေ့ပြောင်းပို့ဆောင်ခဲ့ရပါတယ်။



