နားဖားကြိုးထိုးပြီး ပိုက်ဘောဖမ်းခံခဲ့ရတဲ့ သူ့ရဲ့ အိမ်ထောင်ရေးအဖြစ်မှန်ကို ဖွင့်ချလိုက်တဲ့ သရုပ်ဆောင်Kelvin Kate

Aug 19 • 11:11 PM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နားဖားကြိုးထိုးပြီး ပိုက်ဘောဖမ်းခံခဲ့ရတဲ့ သူ့ရဲ့ အိမ်ထောင်ရေးအဖြစ်မှန်ကို ဖွင့်ချလိုက်တဲ့ သရုပ်ဆောင်Kelvin Kate

ဟာသဗီဒီယိုတွေရိုက်ကူးပြီး နာမည်ရလာတဲ့သရုပ်ဆောင် Kelvin Kate ဟာ အိမ်တွင်းအကြမ်းဖက်မှုတွေပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နစ်နာသူဖြစ်ခဲ့ရတယ်လို့ သူက ဖွင့်ဟလာပါတ...

ဟာသဗီဒီယိုတွေရိုက်ကူးပြီး နာမည်ရလာတဲ့သရုပ်ဆောင် Kelvin Kate ဟာ အိမ်တွင်းအကြမ်းဖက်မှုတွေပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နစ်နာသူဖြစ်ခဲ့ရတယ်လို့ သူက ဖွင့်ဟလာပါတယ်။ အိမ်ထောင်ကျခဲ့ဖူးသူအမျိုးသမီးဟာ သူနဲ့ရတဲ့ ကိုယ်ဝန်မဟုတ်ဘဲ ONS(တစ်ညတာအိပ်စက်ခဲ့) တဲ့သူသာဖြစ်ပြီး ၃ လအကြာမှာ ကိုယ်ဝန်ရနေကြောင်းပြောကာ တာဝန်ယူခိုင်းခဲ့တာပါ။ ကိုယ်ဝန်ကိုတာဝန်မယူပါက အဲဒီအချိန်မှာ ကျော်ကြားနေတဲ့ သူ့ရဲ့နာမည် ၊ ဂုဏ်သိက္ခာကို နည်းမျိုးစုံနဲ့ ဖျက်မှာဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် Kelvin Kate က သူ့အသက် ၂၀ အရွယ်မှာ လက်ထပ်ထိမ်းမြားခဲ့ရပါတယ်။ ကလေးမွေးပြီးပါက DNA စစ်ခွင့်ပေးမယ်လို့ ကတိပေးခဲ့ပြီး လက်မှတ်ထိုးယူပြီးနောက်ပိုင်းမှာလည်း သူမနဲ့ လင်မယားအရာမြောက်ခြင်းမရှိခဲ့ဘူးလို့ သူကပြောပါတယ်။ကလေးမွေးပြီးနောက် သူမကတိပေးထားတဲ့အတိုင်း DNA စစ်ခွင့်မပေးခဲ့သော်လည်း ဘန်ကောက်ရောက်ရှိချိန် အတင်းစစ်မယ်ဆိုချိန်မှ သူ့ရဲ့ သားမဟုတ်ကြောင်း ဝန်ခံခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း သူမဘက်မှ သူ့အား နည်းမျိုးစုံဖြင့် ဆိုရှယ်ပေါ်မှာ သိက္ခာချခဲ့ပေမယ့် သူမရဲ့ သားသမီး ဂုဏ်သိက္ခာကိုငဲ့ညှာပြီး Kelvin Kate က နှုတ်ပိတ်နေခဲ့သော်လည်း လက်ရှိအချိန်မှာတော့ သူ့ရဲ့ဘဝကို အဆုံးစွန်ထိနှောင့်ယှက်မှုတွေပြုလုပ်နေတာကြောင့် နားဖားကြိုးထိုးခံခဲ့ရတဲ့ သူ့အဖြစ်မှန်တွေကိုဖွင့်ချလာခဲ့တာလည်းဖြစ်ပါတယ်။

news-view-count-icon

3