ထိုင်းနိုင်ငံက ကားလေလံပွဲများ

Aug 19 • 1:06 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံက ကားလေလံပွဲများ

ထိုင်းနိုင်ငံတွင် ကားဝယ်ယူဖို့ လူသိများသည့်နည်းလမ်းတစ်ခုက လေလံပွဲဖြစ်ပြီး မြေပြင်လေလံပွဲ၊ အွန်လိုင်းလေလံပွဲ ဆိုပြီး နှစ်မျိုးရှိသည်။ လေလံပွဲများကို Union Auctio...

ထိုင်းနိုင်ငံတွင် ကားဝယ်ယူဖို့ လူသိများသည့်နည်းလမ်းတစ်ခုက လေလံပွဲဖြစ်ပြီး မြေပြင်လေလံပွဲ၊ အွန်လိုင်းလေလံပွဲ ဆိုပြီး နှစ်မျိုးရှိသည်။ လေလံပွဲများကို Union Auction, SIA, Motto Auction စတဲ့ ကုမ္ပဏီကြီးများ၊ ဘဏ်များ၊ အစိုးရဌာနများက ကျင်းပလေ့ရှိပြီး repossessed ကား၊ ကုမ္ပဏီသုံးကား၊ အစိုးရကားများကို အဓိက လေလံတင်ရောင်းချကြသည်။ ပါဝင်လိုသူများအနေနဲ့ အစောပိုင်းမှာ လေလံရက်ချိန်ဇယားကြည့်ရှုပြီး ကားစစ်ဆေး၊ မှတ်ပုံတင် (စပေါ်ငွေ ၂၀,၀၀၀–၄၀,၀၀၀ ဘတ်) လုပ်ရပြီး ကိုယ်ဝယ်ချင်တဲ့ ကားအတွက် ဈေးအကန့်အသတ် သတ်မှတ်ထားသင့်သည်။ လေလံနေ့တွင် လေလံမှူးကြေညာသည့်ဈေးအတိုင်း ပါဝင်ဆွဲပြီး ဈေးအမြင့်ဆုံးပေးသူက ကားရရှိမည်ဖြစ်သည်။ အောင်မြင်သူသည် ၃ ရက်အတွင်း ကျန်ငွေ၊ လေလံကြေး၊ VAT၊ သယ်ယူပို့ဆောင်ခ စသည်တို့ ဆပ်ပြီးနောက် ကားပိုင်ဆိုင်မှုအမည်ပြောင်းခြင်းနှင့် စာရွက်စာတမ်းဆောင်ရွက်မှုပြီးစီးလျှင် ကားလက်ခံရယူနိုင်သည်။


news-view-count-icon

5