ထိုင်းစတီးစက်ရုံပေါက်ကွဲမှုတွင် မြန်မာအလုပ်သမားများ ထိခိုက်မှုအတွက် အကျိုးခံစားခွင့်ရှာဖွေ

Aug 18 • 4:51 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းစတီးစက်ရုံပေါက်ကွဲမှုတွင် မြန်မာအလုပ်သမားများ ထိခိုက်မှုအတွက် အကျိုးခံစားခွင့်ရှာဖွေ

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ T.S.B STEEL စတီးကျိုစက်ရုံတွင် သြဂုတ် ၁၂ ရက် နံနက် ၃ နာရီခန့်က မီးဖိုပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ယင်းတွင် မြန်မာအလုပ်သမား ၁ ဦး ...

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ T.S.B STEEL စတီးကျိုစက်ရုံတွင် သြဂုတ် ၁၂ ရက် နံနက် ၃ နာရီခန့်က မီးဖိုပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ယင်းတွင် မြန်မာအလုပ်သမား ၁ ဦး မီးလောင်၍ သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့သည်။ သြဂုတ် ၁၄ ရက်တွင် မြန်မာအလုပ်သမားသံမှူးက ထိုင်းအလုပ်အကိုင်ဌာနနှင့် စက်ရုံတာဝန်ရှိသူများအား တွေ့ဆုံကာ လူမှုဖူလုံရေးဥပဒေအရ အကျိုးခံစားခွင့်နှင့် ဒဏ်ရာရသူ၏ ဆေးကုသစရိတ်များ ရရှိရေး ညှိနှိုင်းပေးခဲ့သည်။ ထို့အပြင် ဒဏ်ရာရသူအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

35