လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာအုပ်စု၊ဇီးဖြူကုန်းကျေးရွာတွင်အဖိုးအိမ် ဟင်းစားသွားယူပြီး အိမ်ပြန်လာသော မြေးဖြစ်သူ လမ်းခုလတ်တွင် အ -သတ် ခံရ

Aug 18 • 4:19 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာအုပ်စု၊ဇီးဖြူကုန်းကျေးရွာတွင်အဖိုးအိမ် ဟင်းစားသွားယူပြီး အိမ်ပြန်လာသော မြေးဖြစ်သူ လမ်းခုလတ်တွင် အ -သတ် ခံရ

လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာအုပ်စု၊ဇီးဖြူကုန်းကျေးရွာတွင် နေထိုင်သော မမြတ်စုသည် သြဂုတ်လ၁၁ရက်နေ့ မွန်းလွဲ၂နာရီ၃၀မိနစ်ခန့်ကမိနစ်၃၀ခန့်လမ်းလျှောက်သွားရသော အဖိ...

လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာအုပ်စု၊ဇီးဖြူကုန်းကျေးရွာတွင် နေထိုင်သော မမြတ်စုသည် သြဂုတ်လ၁၁ရက်နေ့ မွန်းလွဲ၂နာရီ၃၀မိနစ်ခန့်ကမိနစ်၃၀ခန့်လမ်းလျှောက်သွားရသော အဖိုးဖြစ်သူ ဦးအေးသိဏ်း၏နေအိမ်သို့ ဟင်းစားသွားယူရာမှ ညနေ၄နာရီအချိန်ခန့်တွင် အဖိုးဖြစ်သူအိမ်မှပြန်လာရာ အပြန်လမ်းခရီးတွင် ပျောက်ဆုံးသွားခဲ့၍ မိသားစုများက လိုက်လံရှာဖွေရာ အဖိုးအိမ်နှင့် ရွာအလယ်ကြားတောင်ကုန်းလေးပေါ်ရှိ ပျဥ်းမပင်ပေါ်၌ က ကြိုးဆွဲ ချ သေဆုံးနေသည်ကို တွေ့မြင်ခဲ့ကြသည်။အလောင်းအား စစ်ဆေးကြည့်ရာတွင်အားကစားဘောင်းဘီရှည်ကို ဓားနဲ့လှီးဖြတ်ကြိုးအဖြစ် ပြုလုပ်ပြီး လည်ပင်းကိုချည်ကာ တစ်စုံတစ်ယောက်က သ -တ်ပြီးမှ ယခုကဲ့သို့ သေသည့်ပုံစံ လုပ်ထားတာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ယင်းအမှုကို လပွတ္တာမြို့နယ်တူးမြောင်းနယ်မြေရဲစခန်းမှ လူ-သ-တ်မှုပုဒ်မ၃၀၂ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့သည်။စစ်ဆေးချက်အရ မမြတ်စု ဟင်းစားယူပြီးအပြန်လမ်းခရီး လမ်းခုလတ်တွင် မိုးဇော်လတ်နှင့်တွေ့ပြီး မိုးဇော်လတ်က မမြတ်စုကို အဓမ္မသားမယားပြုကျင့်ရန် ကြံစည်ရာမှ မစုမြတ်ကလက်မခံပဲ ပြန်လည်ခုခံ သဖြင့် လက်လွန်ကာ မမြတ်စုသည် အခင်းဖြစ်နေရာတွင်-ေ--ဆုံးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးပြီးနောက် တရားခံ သည် မမြတ်စု၏အလောင်းအား ကိုင်းတောမှ ဒရွတ်တိုက်ဆွဲယူပြီး အနီးရှိပျဥ်းမပင်ပေါ်၌ မိမိကိုယ်မိမိ က ြ ိ ု းဆွဲ ချသေဆုံးနေဟန်ဖန်တီးထားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။အဆိုပါလူ -သ-တ်တရားခံ သည် မြောင်းမြမြို့၌ နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့်တစ်နှစ်ခန့်က မြောင်းမြမြို့မှ ဆိုယ်ကယ်ခိုးယူမှုဖြင့် အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးအစစ်ဆေးခံရချိန်၌ ထွက်ပြေးကာ လပွတ္တာမြို့နယ်ဇီးဖြူကုန်းရွာသို့ လာရောက် တိမ်းရှောင်နေသူ ဆိုင်ကယ်သူခိုး တစ်ဦးဖြစ်ကြောင်းသိရသည်။



news-view-count-icon

4