ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က All Star ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့မှာ (18.8.2025)ဒီကနေ့မနက် ၁၁ နာရီက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ မြို့သစ်ရပ်ကွက်က All Star ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ကျောင်းသားတွေ စာသင်ကြားနေတဲ့အချိန် ကျောင်းရှေ့တည့်တည့်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်မှု မရှိခဲ့ပေမဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာအနီးမှာ ရပ်ထားခဲ့တဲ့ ကား(၃)စီး လက်နက်အစအနတွေစင်ပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့ကြောင်း မျက်မြင်တွေ့သူတွေထံက သိရပါတယ်။ ကျောင်းတွေရှေ့မှာ ဖောက်ခွဲမှုတွေလုပ်ဆောင်နေတဲ့ ဖြစ်စဉ်တွေနဲ့ပက်သက်ပြီး မြစ်ကြီးနားမြို့နယ် အခြေခံကျောင်းသားသမဂ္ဂအဖွဲ့က ကျောင်းသားကျောင်းသူတွေ ပညာသင်ကြားနေတဲ့ အဆောက်အဦးအနီးမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။



