ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် မိုင်းသောက်တံတားသည် ဇူလိုင်လနောက်ဆုံးပတ်မှစ၍ ရေကြီးနစ်မြုပ်နေပြီး လက်ရှိအချိန်တွင် တံတားထိပ်ပိုင်းသာ ကျန်ရှိနေကြောင်း သိရသည်။ ဒေသခံများအရ ရေတက်မှုကြောင့် နေထိုင်မှုနှင့် ဘုန်းကြီးကျောင်း၊ အိမ်များ အန္တရာယ်ကြုံနေရပြီး နေအိမ်များ စတင်ရေမြုပ်နေပြီဖြစ်ကြောင်း ဖော်ပြနေကြသည်။ ရေတက်မှုသည် တစ်ရက်လျှင် တစ်လက်မနှင့် နှစ်လက်မကျော် တိုးနေဆဲဖြစ်ပြီး လာမည့် ရာသီအတွင်း နောက်ထပ် အိမ်များနစ်မြုပ်နိုင်ခြေရှိသည်ဟု ဒေသခံများ သတိပေးထားကြသည်။
မိုင်းသောက်တံတား ရေတက်နစ်မြုပ်နေပြီး ဒေသခံများ စိုးရိမ်မှု
Aug 17 • 7:38 PM
မြန်မာ
ရှမ်း
မျှဝေမည်
2 | 0 | 0 | 0 |