ရှမ်းပြည်နယ်တောင်ပိုင်း ၊ အင်းလေးကန်အထက်ဘက် ရွှေညောင်မြို့မှာ ရေကြီးမှု အနီရောင်အဆင့်ကြောင့် ဖယ်ခုံ ၊ မိုးဗြဲ ဘက်မှာလည်း ရေကြီးလာနိုင်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။ အင်းလေးကန်အထက်ဘက်ရှိ ရွှေညောင်မြို့မှာ အခု သြဂုတ်လကုန်ပိုင်းအထိ ရေကြီးမှု အနီရောင်အဆင့်မှာ ဆက်လက်ရှိနေနိုင်တာကြောင့် အင်းလေးကန် အောက်ဘက်မှာရှိတဲ့ ဖယ်ခုံ နဲ့ မိုးဗြဲ တို့မှာလည်း စက်တင်ဘာလ ၁၃ ရက်အထိ ရေကြီးမှု သတိပေးတာ မြင့်တက်နိုင်တယ်လို့ သူက ဆိုထားပါတယ်။ အင်းလေးကန်က ရေကြီးရေလျှံမှုအမြင့်ဆုံး သတိပေးချက်ဖြစ်တာကြောင့် အင်းလေးဒေသရှိ ဒေသခံတွေ သတိပြုရှောင်ရှားနိုင်ဖို့နဲ့ ကယ်ဆယ်ရွှေ့ပြောင်းတာတွေ ဆောင်ရွက်နိုင်ကြဖို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
အင်းလေးကန်အထက်ဘက် ရွှေညောင်မှာ ရေကြီးမှု အနီရောင်အဆင့်ကြောင့် ဖယ်ခုံ ၊ မိုးဗြဲ ဘက်မှာလည်း ရေကြီးလာနိုင်
Aug 17 • 7:49 AM
မြန်မာ
ရှမ်း
မျှဝေမည်
7 | 0 | 0 | 0 |