ကျွန်းလှမှာ ရည်းစားဖြစ်သူက လိမ်လည်ခေါ်ဆောင်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့် သတ်ဖြတ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးထားတယ်လို့ပြော

Aug 16 • 7:38 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကျွန်းလှမှာ ရည်းစားဖြစ်သူက လိမ်လည်ခေါ်ဆောင်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့် သတ်ဖြတ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးထားတယ်လို့ပြော

စစ်ကိုင်းတိုင်း၊‌ ‌ကျွန်းလှမြို့နယ်၊ကောလင်းမြို့နယ် အနောက်ခြမ်း၊ သစ်ဆိမ့်ကုန်းရွာက အသက် (၁၇) နှစ်အရွယ် မဖြူနှင်းခိုင်ကို ဩဂုတ်လ ၉ ရက်နေ့မှာ ရည်းစားဖြစ်သူ ထက်‌ရှ...


စစ်ကိုင်းတိုင်း၊‌ ‌ကျွန်းလှမြို့နယ်၊ကောလင်းမြို့နယ် အနောက်ခြမ်း၊ သစ်ဆိမ့်ကုန်းရွာက အသက် (၁၇) နှစ်အရွယ် မဖြူနှင်းခိုင်ကို ဩဂုတ်လ ၉ ရက်နေ့မှာ ရည်းစားဖြစ်သူ ထက်‌ရှိုင်းအောင် ဆိုသူက နေအိမ်ကနေခေါ်ဆောင်သွားပြီး၊ နောက်ထပ် သူငယ်ချင်းဖြစ်သူ (၂) ဦးနဲ့အတူ အုပ်စုဖွဲ့ အဓမ္မပြုကျင့်၊ ရက်ရက်စက်စက် သတ်ဖြတ်ပြီး ချောင်းထဲမှာ အလောင်စွန့်ပစ်ထားခဲ့တာလို့ ပြောပါတယ်။ကောင်မလေးရဲ့ အလောင်းကို ဩဂုတ် ၁၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ သစ်ဆိမ့်ကုန်းနဲ့ (၃) မိုင်အကွာမှာရှိတဲ့ ကျွန်းလှနယ်အရှေ့ခြမ်း၊ စာရင်းဝင်ရွာ အရှေ့မြောက်ဘက်၊ ချောင်းထဲမှာ ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါသည်။တရာခံတွေကို ကျွန်းလှမြို့န်အလောင်းတွေ့တဲ့နေ့မှာပဲ ကွင်းဆက်လိုက် စုံစမ်းဖော်ထုတ်ခဲ့ပြီး ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့လည်း ပြောပါတယ်။


news-view-count-icon

20