၂၀၂၅ ခုနှစ်တိုင်းနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ ကြီးမှူး၍ ရန်ကုန်မြို့၌ မကြာမှီ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် တစ်ဦးချင်း ဝိတ်တန်းအမျိုးသား(၉)တန်း၊ အမျိုးသမီး(၈)တန်း၊ တစ်ဦချင်း‘က’ကွက်ပြိုင်ပွဲအမျိုးသား(၃)မျိုး၊အမျိုးသမီး(၃)မျိုး၊အမျိုးသား+အမျိုးသမီး(၂)ယောက်တွဲ‘က’ကွက်နှင့် အသင်းလိုက်(၃)ယောက်တွဲ‘က’ကွက်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ တိုင်းနှင့်ပြည်နယ် ၂၇ သင်းမှ အုပ်ချုပ်/နည်းပြ၊ ကစားသမားပေါင်း ၃၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။



