သြဂုတ် ၁၄ ရက်၊ တောင်ကြီးမြို့ VX Tea House တွင် ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းက အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနားကျင်းပခဲ့ပြီး ရှမ်းတောင် ကွန်ဟိန်းနှင့် နမ့်စန်မြို့နယ်မှ ထုတ်ကုန် ၂၀ မျိုးအပြင် ငှက်ပျောသီးဝိုင်ထုတ်ကုန်များပါ ခင်းကျင်းပြသခဲ့သည်။ပွဲအတွင်း ဒေသထွက်အသီးအနှံများကို အသုံးပြု၍ တော့ဝိုင် ၅ မျိုး၊ ယို၊ ဌက်ပျောသီးခြောက်လုပ်ငန်းများ၊ မိုးညှင်းချဉ်ခြောက်၊ ရှမ်းရိုးရာ အီမစ်၊ ပဲပုတ် စသည်တို့ပါ အမျိုးအစား ၂၀ ကျော် ပြသနိုင်ခဲ့ကြောင်း သိရသည်။ဤပွဲသည် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံတိုင်းရင်းသားများ၏ ကြိုးပမ်းမှု၊ ပူးပေါင်းမှုနှင့် ဒေသထွက်ကုန်ဖန်တီးမှု စွမ်းရည်ကို ဖော်ပြနိုင်ခဲ့သည်။



