နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီမှ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းအပါအဝင် ပစ္စည်း ၃၅ မျိုးကို ယာယီတင်သွင်းခွင့်ပိတ်လိုက်ပြီး စျေးကွက်အတွင်း ပစ္စည်းရှားပါးလာခြင်း၊ ကုန်စျေးနှုန်းတက်လာနိုင်ခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များက စိုးရိမ်နေကြောင်း သိရသည်။ အချို့ပစ္စည်းများကိုသာ သွင်းကုန်လိုင်စင်ဖြင့် ပင်လယ်ရေကြောင်းမှတင်သွင်းခွင့်ပြုထားပြီး နယ်စပ်ဝင်ပေါက်များကို တင်းကျပ်စွာ ထိန်းချုပ်ထားကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။



