တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် မနေ့ဩဂုတ် (၁၂)ရက်နေ့ ညနေပိုင်းအချိန် ကား ရေဆေးဆီလိုက်တွင် လိုင်စင်မဲ့ကားအစီး၃၀ကျော်ဖမ်းဆီးခံရ ကြောင်းဒေသခံဆီမှသိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ ကားရေဆေးဆီလိုက် တကျောလုံးတွင် မနေ့ညဩဂုတ်၁၂ရက် ၃ နာရီ ဝန်းကျင်အချိန် နေပြည်တော် အဖွဲ့မှ ရှောင်တခွင် လိုင်စင်မဲ့ လာရောက်စစ်ဆေးချိန် ကားလိုင်စင်မဲ့ အစီး (၃၀)ကျော် ပါသွားသည်။၂၀၂၅၊ မေလ (၃၀)ရက်နေ့မှစတင်ကာလိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးခြင်းကို နိုင်ငံတစ်ဝန်း အရှိန်အဟုန်မြှင့် လုပ်ဆောင် လျက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ဟဲဟိုး၊ ညောင်ရွှေ၊ အောင်ပန်း၊ ရပ်စောက်၊ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့ဘက်တွင် ယခုချိန်ထိ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ဖမ်းဆီးလျက်ရှိပါတယ်။
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် ကားရေဆေးဆီလိုက်တွင် လိုင်စင်မဲ့ကား အစီး ၃၀ ကျော် ဖမ်းဆီးခံရ
Aug 13 • 8:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
13 | 0 | 0 | 0 |