Aug-10-2025 (2:56) PM အချိန်တွင် မန္တလေးမြို့ရှိ Bonia Store (Myanmar Plaza) တွင် အိတ်တစ်လုံး ခိုးယူခံခြင်းခဲ့ရပြီး CCTV မှတ်တမ်းအရ ငွေကျပ် ၁,၆၄၉,၀၀၀ ကျပ်တန်းဖိုးရှိ (Item Code: 860429-003-08) အိတ်တစ်လုံးကို ကောင်တာတွင်ငွေရှင်းခြင်းမရှိပဲ မိမိနှင့်အတူပါလာသော အိတ်အကြီးထဲသို့ ထည့်သွင်းယူဆောင်သွားပြီး ဆိုင်အတွင်းမှလျှင်မြန်စွာ ထွက်ခွာသွားသည် တွေ့ရှိခဲ့ရပါသည်။ Bonia အရောင်းဝန်ထမ်းများမှ တစ်ခြားတစ်ဖက်ရှိ Customers များကို ဂရုစိုက်ပေးနေချိန်တွင် ယခု CCTV မြင်ကွင်းဘက်ခြမ်းတွင် ခိုးယူယူဆောင်သွားခြင်းဖြစ်ပါသည်။ Aug-10-2025 ရက်နေ့အတွင်းမှာပဲ Bonia (Myanmar Plaza) ဆိုင်အနီးရှိ Sports, Fitness & Lifestyle ပစ္စည်းဆိုင်အတွင်းမှ အဝတ်အစားတစ်ထည် ခိုးယူခံခဲ့ရပြီး ဆိုင်ဝန်ထမ်းမှသတိထားမိကာ ခိုးယူသူကို ပစ္စည်းနှင့်တကွ ဖမ်းမိခဲ့ပါတယ်။ ၎င်းဆိုင်မှ ခိုးယူသူနှင့် Bonia အိတ်ယူဆောင်သွားသူမှာ တစ်ဦးတည်းဖြစ်ကြောင်း CCTV နှင့် ဓာတ်ပုံမှတ်တမ်းများအရ သိရှိရပါသည်။ Bonia ဆိုင်ကတော့ အိတ်တစ်လုံးခိုးယူခံရခြင်းကို ပြန်လွတ်ပြီးနောက်ကျမှ သတိထားမိခြင်းဖြစ်ပါတယ်။ခိုးယူသူ၏ ဓာတ်ပုံ ၊ ဗွီဒီယို ၊ ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ အပြည့်အစုံတို့ကို ရရှိထားပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဆက်သွယ်ပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။



