အမှတ်စာရင်းကို တစ်နိုင်လုံးတစ်ပြိုင်တည်းထုတ်မပေးတော့ဘဲ တိုကင်စနစ်သုံးပြီး တိုင်းနဲ့ ပြည်နယ်ကို ရက်အလိုက် ကန့်သတ်ထုတ်ပေးတော့မည်

Aug 13 • 12:11 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အမှတ်စာရင်းကို တစ်နိုင်လုံးတစ်ပြိုင်တည်းထုတ်မပေးတော့ဘဲ တိုကင်စနစ်သုံးပြီး တိုင်းနဲ့ ပြည်နယ်ကို ရက်အလိုက် ကန့်သတ်ထုတ်ပေးတော့မည်

တက္ကသိုလ်စာမေးပွဲ အမှတ်စာရင်းတွေကို ဩဂုတ် ၁၃ ရက်မှာ အမှတ်စာရင်းပြန်ထုတ်ပေးမှာဖြစ်ပြီး တစ်နိုင်ငံလုံးကို တစ်ပြိုင်တည်းထုတ်မပေးတော့ဘဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလို...

တက္ကသိုလ်စာမေးပွဲ အမှတ်စာရင်းတွေကို ဩဂုတ် ၁၃ ရက်မှာ အမှတ်စာရင်းပြန်ထုတ်ပေးမှာဖြစ်ပြီး တစ်နိုင်ငံလုံးကို တစ်ပြိုင်တည်းထုတ်မပေးတော့ဘဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ရက်သတ်မှတ်ပြီးသာ ထုတ်ပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အသိပေးလာပါတယ်။ အမှတ်စာရင်း ပြန်လည်ထုတ်ပေးမယ့် ဩဂုတ် ၁၃ ရက်မှာဆိုရင် ပြည်နယ်တွေဖြစ်တဲ့ ကချင်၊ကယား၊ကရင်၊ချင်း၊မွန် ၊ရခိုင် နဲ့ မှ အမှတ်စာရင်းတွေကို စတင်ထုတ်ပေးမှာဖြစ်ကာဩဂုတ်လ ၁၄ ရက်နေ့မှာတော့ ပြည်နယ်တွေအပြင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ပဲခူး တိုင်းဒေသကြီးတွေရဲ့ အမှတ်စာရင်းကို စတင်ထုတ်ပေးမှာဖြစ်ပြီး ကျန်တဲ့ တိုင်းဒေသကြီးက အမှတ်စာရင်းတွေထုတ်ပေးမယ့်ရက်ကိုတော့ ထပ်မံကြေငြာပေးသွားမယ်လို့ဆိုပါတယ်။ အမှတ်စာရင်း ထုတ်ပေးရာမှာ တိုကင်စနစ်သုံးပြီး ထုတ်ပေးမှာ ဖြစ်လို့ ကနဦးအနေနဲ့ တိုကင်(၅၀) နဲ့စတင် ဆောင်ရွက်မှာဖြစ်ကြောင်း လည်ဆွဲကတ်နဲ့တိုကင်ထုတ်ယူဖို့အတွက် အမှတ်စာရင်းထုတ်ယူရန် လာရောက်သူရဲ့ မှတ်ပုံတင် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) အထောက်အထားကတ် တခုခုယူခဲ့ဖို့လိုအပ်ကာအမှတ်စာရင်းလျှောက်လွှာမှာ ခုံအမှတ်၊ အမည်၊ အောင်/ရှုံး၊ ဂုဏ်ထူးရဘာသာတွေ ဖြည့်စွက် တင်သွင်းရမှာဖြစ်ပြီး အချက်အလက် မပြည့်စုံပါက လျှောက်လွှာကို လက်ခံဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့လည်း တစ်ဆက်တည်းအသိပေးထားပါတယ်။၂၀၂၅ခုနှစ်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ် ။


news-view-count-icon

55