တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ထဲ ဓားပြ လိုက်တိုက်ပြီး လူသတ်နေတဲ့ ဓားပြအဖွဲ့တစ်ခုကို ဖမ်းမိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်မှာ မင်္ဂလာမူဆယ် လမ်းမပေါ်ရှိ ဟော်မုန်းဟိုတယ်ကို ဓားပြ လာတိုက်တဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသား ၃ ဦးကို ဖမ်းဆီးမိခဲ့တာလို့ ဖြစ်စဉ်သိရှိသူ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ဓားပြအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် မနက် ၉ နာရီဝန်းကျင်က မူဆယ်မြို့ တောင်ပေါ်ဘုရားမှာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးကို ဓားပြ တိုက်ခဲ့ပြီး ဓားနဲ့ ခုတ်သတ်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။အဲဒီ ဓားပြအဖွဲ့ဟာ ၄ ဦးရှိပြီး လက်ရှိမှာတော့ ၃ ဦးကို ဖမ်းမိထားပြီး ကျန်တဲ့တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မူဆယ်မှာ ဓားပြ လိုက်တိုက်ပြီး လူသတ်နေတဲ့အဖွဲ့တစ်ခုကို ဖမ်းမိ
Aug 09 • 1:27 PM
မြန်မာ
ရှမ်း
မျှဝေမည်
3 | 0 | 0 | 0 |