ရန်ကုန်-ဒလ တံတားစီမံကိန်းပြီးစီးလုနီးပါးဖြစ်၍ဒလ အိမ်ခြံမြေဈေး သိန်းသောင်းချီစျေးခေါ်မှုတွေရှိလာနေ

Aug 09 • 5:33 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်-ဒလ တံတားစီမံကိန်းပြီးစီးလုနီးပါးဖြစ်၍ဒလ အိမ်ခြံမြေဈေး သိန်းသောင်းချီစျေးခေါ်မှုတွေရှိလာနေ

ရန်ကုန်-ဒလ တံတားစီမံကိန်းဟာ လတ်တလောမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်လို့ ဒလမြို့နယ်ရဲ့ အိမ်ခြံမြေစျေးနှုန်းတွေဟာလည်း အဆမတန်မြင့်တက်လာပြီး သိန်းသောင်းချီ...

ရန်ကုန်-ဒလ တံတားစီမံကိန်းဟာ လတ်တလောမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်လို့ ဒလမြို့နယ်ရဲ့ အိမ်ခြံမြေစျေးနှုန်းတွေဟာလည်း အဆမတန်မြင့်တက်လာပြီး သိန်းသောင်းချီအထိပေါက်စျေးရှိလာသ လို ကျပ်သိန်း ၃ သောင်းကနေ ကျပ်သိန်း ၄ သောင်းခွဲလောက်အထိ စျေးခေါ်ရောင်းချမှုရှိလာကာ၂၀၁၉ ခုနှစ်၊မေလမှာ စတင်ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ အရှည်ဆုံးတံတားထဲမှာ တစင်း အပါအဝင်ဖြစ်တဲ့ ရန်ကုန်-ဒလတံတား(ခေါ်)ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားစီမံကိန်းဟာ လက်ရှိကာလမှာ ပြီးစီးလုနီးပါးဖြစ်လာပြီး တံတားအလယ်ရှိ ပင်မလမ်းကြောင်းကိုပါ အခုသြဂုတ်လ အတွင်းမှာချိတ်ဆက်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ရန်ကုန်မြစ်ကိုဖြတ်သန်းတည်ဆောက်ထားတဲ့ ရန်ကုန်-ဒလ တံတားဟာ လမ်းပန်းဆက်သွယ်ရေး အတွက် အလွန်အရေးပါတဲ့ တံတားတစင်းဖြစ်ပြီး ဒလမြို့ အပါအဝင် တွံတေးနဲ့ ဆိပ်ကြီးခနောင်တို ဘက်တွေအထိ အိမ်ခြံမြေဈေးတွေမြင့်မားလာတာဖြစ်ပါတယ်။ရန်ကုန်-ဒလ တံတားပြီးစီးသွားရင်တော့ ရန်ကုန်မြို့မှတဆင့် ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေဆီ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။ဒါအပြင် မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများတွင် အကြီးဆုံးနှင့် အရှည်ဆုံး တံတားလည်းဖြစ်ပါတယ်။

news-view-count-icon

40