စင်ကာပူရှိ မြန်မာသံရုံးကပတ်စပို့သက်တမ်းတိုးခြင်းအတွက် အခကြေးငွေပေးဆောင်ရမှုများရှိပါက တိုင်ကြားနိုင်

Aug 08 • 12:36 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

စင်ကာပူရှိ မြန်မာသံရုံးကပတ်စပို့သက်တမ်းတိုးခြင်းအတွက် အခကြေးငွေပေးဆောင်ရမှုများရှိပါက တိုင်ကြားနိုင်

စင်ကာပူရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်(ပတ်စပို့) သက်တမ်းတိုးရက်ချိန်းရရန်အတွက် အခကြေးငွေပေးဆောင်ရမှုများရှိပါက တိုင်ကြားနိုင်သည်ဟု ယနေ့ရက်စွဲဖြင့်ထုတ်ပြန်သည...

စင်ကာပူရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်(ပတ်စပို့) သက်တမ်းတိုးရက်ချိန်းရရန်အတွက် အခကြေးငွေပေးဆောင်ရမှုများရှိပါက တိုင်ကြားနိုင်သည်ဟု ယနေ့ရက်စွဲဖြင့်ထုတ်ပြန်သည်။လက်ရှိ၌ နိုင်ငံကူးလက်မှတ်သက်တမ်း (၁၄) လကျန်ရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် သံရုံး၏ whatsapp နံပါတ်များဖြစ်သည့် +6581748993 နှင့် +6582468581 သို့ အချက်အလက်များပေးပို့၍ ရက်ချိန်းရယူနိုင်ကြောင်း အသိပေးထားကြောင်းလည်းပြောသည်။သို့သော် ထိုကြေညာချက်အား မသိရှိသေးသောသူများအပေါ် မြန်မာနိုင်ငံသားအချင်းချင်း စာနာထောက်ထားမှုမရှိဘဲ အခကြေးငွေရယူ၍ ရက်ချိန်းယူပေးခြင်းများရှိနေသေးကြောင်း ကြားသိရသောကြောင့် အခကြေးငွေပေးဆောင်ရမှုများရှိပါက ငွေလက်ခံသူ၏အမည်၊ ငွေပေးချေထားမှုအထောက်အထား၊ ဖုန်းနံပါတ်များအား သံရုံး၏ whatsapp နံပါတ် +6581748993 နှင့် cpu.mesingapore@gmail.com သို့ တိုင်ကြားနိုင်ကြောင်း‌ စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။



news-view-count-icon

7