မလေးရှားစူပါလိဂ် တန်းတက်အသင်းကို မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးသီဟဇော် ပြောင်းရွှေ့

Aug 07 • 6:25 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မလေးရှားစူပါလိဂ် တန်းတက်အသင်းကို မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးသီဟဇော် ပြောင်းရွှေ့

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သီဟဇော်ဟာ ဒီနှစ်ဘောလုံးရာသီမှာ မလေးရှားအေဝမ်းဆီမီးပရိုလိဂ်ကနေ မလေးရှားစူပါလိဂ်ကို တန်းတက်လာတဲ့ အင်မီဂရေးရှင်းအက်ဖ်စီအသင်းနဲ့ တရားဝ...

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သီဟဇော်ဟာ ဒီနှစ်ဘောလုံးရာသီမှာ မလေးရှားအေဝမ်းဆီမီးပရိုလိဂ်ကနေ မလေးရှားစူပါလိဂ်ကို တန်းတက်လာတဲ့ အင်မီဂရေးရှင်းအက်ဖ်စီအသင်းနဲ့ တရားဝင် စာချုပ်ခဲ့ပါတယ်။ အင်မီဂရေးရှင်းအက်ဖ်စီအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဆီမီးပရိုလိဂ်အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး တန်းတက်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ အင်မီဂရေးရှင်းအက်ဖ်စီအသင်းဟာ စူပါလိဂ်မှာ အဆင့်အတန်းမီ ကစားနိုင်ဖို့အတွက် သီဟဇော်အပါအဝင် ဗင်နီဇွဲလား၊ ဩစတြေးလျ၊ ဘရာဇီး နဲ့ အီရတ်ကစားသမားတွေကိုလည်း ခေါ်ယူထားတာ မြင်တွေ့ရပါတယ်။



news-view-count-icon

5