ရန်ကုန်ကားပါကင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြေကွဲရတယ်လို့ မြန်မာပလာဇာ ထုတ်ပြန်

Aug 07 • 5:13 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်ကားပါကင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြေကွဲရတယ်လို့ မြန်မာပလာဇာ ထုတ်ပြန်

ရန်ကုန်ကားပါကင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြွကွဲရတယ်လို့ မြန်မာပလာဇာ က ထုတ်ပြန်ပါတယ်။ယာဉ်ရပ်နားရာနေရာတွေနဲ့ အရေးကြီးနေရာတွေမှာ လ...

ရန်ကုန်ကားပါကင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြွကွဲရတယ်လို့ မြန်မာပလာဇာ က ထုတ်ပြန်ပါတယ်။ယာဉ်ရပ်နားရာနေရာတွေနဲ့ အရေးကြီးနေရာတွေမှာ လုံခြုံရေးအပြည့်အဝချထားတာနဲ့ လုံခြုံရေးစနစ်ဘလတွေကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်တာတွေကို ချက်ချင်း ဆောင်ရွက်ပြီးဖြစ်ကာသြဂုတ် ၅ ရက် ညနေ ၅ နာရီကျော်ခန့်က မြန်မာပလာဇာရှိ မြေအောက်ထပ်ကားပါကင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူမှာ အသက် ၅၉ နှစ်အရွယ်ရှိ ဒေါ်စမ်းစမ်းအေးဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစ်ရက်နီးပါးခန့်အကြာမှသာ မြန်မာပလာဇာဘက်က ထုတ်ပြန်လာတာ ဖြစ်ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လုံခြုံရေးဌာနမှ သိသိချင်း လူနာကို အရေးပေါ်ကယ်ဆယ်နိုင်ဖိုအတွက် ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် လူနာမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့တာကို သိရှိရ၍ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ အဆိုအရ အဲ့ဒီအမျိုးသမီးကို အမည်မသိ အမျိုးသားနှစ်ဦးက လုပ်ကြံတိုက်ခိုက်ခဲ့တယ်လို့ မြန်မာပလာဇာက ထုတ်ပြန်ပြီး အခင်းဖြစ်ဖြစ်ချင်း သက်ဆိုင်ရာလုံခြုံရေးဌာနမှ လူနာအားအရေးပေါ်ကယ်ဆယ်ရေးအတွက် ဆေးရုံကို ပို့ဆောင်တာ ၊ သက်ဆိုင်ရာနယ်မြေရဲစခန်းကို သတင်းပို့တာ စတဲ့ လုပ်ငန်းစဉ်တွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။မျှော်လင့်မထားတဲ့ ဖြစ်ရပ်အတွက် နစ်နာသူမိသားစုတွေနဲ့အတူ ဝမ်းနည်းကြေကွဲရပြီး ကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းနဲ့ ပူးပေါင်းပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုအပ်တဲ့ပံ့ပိုးမှုတွေကို ဆောင်ရွက်နေတယိလိို့ မြန်မာပလာဇာက ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာပလာဇာအနေနဲ့ စျေးဝယ်သူတွေနဲ့ ဧည့်သည်တော်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် စျေးဝယ်စင်တာအတွင်းရှိ ယာဉ်ရပ်နားရာနေရာတွေနဲ့ အရေးကြီးနေရာတွေမှာ လုံခြုံရေးအပြည့်အဝချထားတာနဲ့ လုံခြုံရေးစနစ်တွေ တိုးတက်ကောင်းမွန်အောင် ပြုလုပ်တာတွေကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်တယ်လို့ မြန်မာပလာဇာက ထုတ်ပြန်ပါတယ်။

news-view-count-icon

30