(၃၁) ကြိမ်မြောက် ပခုက္ကူစာပေဆု၏ တစ်သက်တာစာပေဆုကို ဆရာမကြီး ဒေါက်တာခင်သန်းဦး (မမိုးမြေ) ရရှိခဲ့ကြောင်း ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီက သြဂုတ် ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဝတ္ထုရှည်၊ ဝတ္ထုတိုများအတွက် ဆုများကို မောင်နေခြည်(ပြည်)၊ ညိမ်းညို၊ သက်ဦးခင် နှင့် မေလတ်ဟန် တို့မှ ရရှိခဲ့ကြောင်း သိရသည်။



