ဟာသလူရွှင်တော်ကြီး ရေဒီယိုမန်းကျော် စျာပနအခမ်းအနား ကျင်းပ

Aug 05 • 10:52 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ဟာသလူရွှင်တော်ကြီး ရေဒီယိုမန်းကျော် စျာပနအခမ်းအနား ကျင်းပ

လူရွှင်တော် ကောင်းကျော်၏ ဖခင်ဖြစ်သူ၊ မြန်မာဟာသလောက၏ ထင်ရှားသူကြီးဖြစ်သော ရေဒီယိုမန်းကျော် သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃ ရက် ည ၇ နာရီတွင် အသက် ၈၄ နှစ်အရွယ်တွင် ကွယ်လွ...

လူရွှင်တော် ကောင်းကျော်၏ ဖခင်ဖြစ်သူ၊ မြန်မာဟာသလောက၏ ထင်ရှားသူကြီးဖြစ်သော ရေဒီယိုမန်းကျော် သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃ ရက် ည ၇ နာရီတွင် အသက် ၈၄ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ဦးရေဒီယိုမန်းကျော်၏ စျာပနအခမ်းအနားကို ဩဂုတ် ၅ ရက်နေ့၊ နေ့လည် ၁ နာရီတွင် ရေဝေးသုဿန်၌ ကျင်းပခဲ့ပြီး၊ သားတော်ပညာသင်နှင့် လူရွှင်တော်များအပါအဝင် အနုပညာနယ်ပယ်အလွှာအသီးသီးမှ မိတ်ဆွေ များက လာရောက်ဂါရဝပြု နှုတ်ဆက်ခဲ့ကြသည်။ရေဒီယိုမန်းကျော်သည် ရှေးခေတ်ရေဒီယိုဟာသဇာတ်လမ်းများ၊ ဟာသပြဇာတ်များနှင့်တကွ မြန်မာ့ဟာသယဉ်ကျေးမှုအတွင်း နာမည်ကြီးသော စွမ်းရည်မြင့် လူရွှင်တော်တစ်ဦးအဖြစ် သက်တမ်းကြာမြင့်စွာ ဝိုင်းဝန်းပါဝင်ခဲ့သူဖြစ်သည်။



news-view-count-icon

4