အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာနှင့် စိုးမြတ်နန္ဒာ တို့၏ ဖခင်ဖြစ်သူ ဦးစိုးမြင့်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅ ရက် မနက် ၅ နာရီ ၅ မိနစ်တွင် ကွယ်လွန်ခဲ့ပြီး စျာပနအခမ်းအနားကို ထိုနေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် မြောက်ဥက္ကလာ ရေဝေးသုဿန်၌ ပြုလုပ်ခဲ့သည်။အခမ်းအနားတွင် ရန်အောင်၊ မေသန်းနု၊ မြတ်ကေသီအောင်၊ စန္ဒီမြင့်လွင်၊ စိုးပြည့်သဇင်တို့အပါအဝင် အနုပညာရှင်များစွာက ဝိုင်းဝန်းနှုတ်ဆက်ဂါရဝပြုခဲ့ကြသည်။



