စိုးမြတ်ကလျာရဲ့ သမီးလေးဖြစ်တဲ့ ခေတ်ခေတ်က ဒီကနေ့မနက်ပိုင်းမှာဆုံးပါးသွားတဲ့ အဘိုးအတွက် စိတ်မကောင်းဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ စိုးညီအမတွေရဲ့ ဖခင်ဖြစ်သူဟာ ဒီနေ့မှာပဲ ဘဝတပါးသို့ကူးပြောင်းသွားတာကြောင့် ညီအမတွေအားလုံးဝမ်းနည်းပူဆွေးနေကြရတာပါ။ မြေးမလေးဖြစ်တဲ့ ခေတ်လေးကလည်း အဘိုးအတွက် စိတ်မကောင်းဖြစ်နေကြောင်းကို ပုံလေးနှင့်တကွ ဖော်ပြထားတာလည်းဖြစ်ပါတယ်။



