ထိုင်းနိုင်ငံ၊ ဘန်ဘူသောင်မြို့ရှိ အာဏာပိုင်များသည် ဩဂုတ် ၄ ရက်က မြန်မာနိုင်ငံသား တစ်ဦးအား ခိုးယူထားသည့် ဆိုင်ကယ် ၁၈ စီးနှင့်အတူ ဖမ်းဆီးခဲ့သည်။ အငှားအိမ်တစ်ခုတွင် ဆိုင်ကယ်အမြောက်အမြား ရပ်နားထားမှုကို ရွာသူကြီးက သတိပြုမိပြီး ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူက ဆိုင်ကယ်များကို ကန်ချနပူရီပြည်နယ်မှ ညီဖြစ်သူအတွက် ထိန်းသိမ်းပေးနေရင်းမှ မြန်မာသို့ တင်ပို့ရောင်းချရန် စီစဥ်ကြောင်း ဝန်ခံခဲ့သည်။ အာဏာပိုင်များက ဂိုဏ်းဝင်အခြားသူများကို ဆက်လက်ရှာဖွေဖော်ထုတ်နေပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။
ထိုင်းနိုင်ငံ နွန်တပ်ဘူရီတွင် မြန်မာဆိုင်ကယ်ခိုးဂိုဏ်းအား ခိုးရာပါဆိုင်ကယ် ၁၈စီးနဲ့အတူ ဖမ်းမိခဲ့
Aug 05 • 4:51 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
8 | 0 | 0 | 0 |