လာအိုနိုင်ငံရဲ့ ဩဂုတ်လအတွက် ပုံမှန်မဟုတ်သော အပူချိန်များ၊ မိုးရွာခြင်းနှင့် လေပြင်းမုန်တိုင်းများ သတိပေးချက်များ ထုတ်ပြန်

Aug 05 • 3:03 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံရဲ့ ဩဂုတ်လအတွက် ပုံမှန်မဟုတ်သော အပူချိန်များ၊ မိုးရွာခြင်းနှင့် လေပြင်းမုန်တိုင်းများ သတိပေးချက်များ ထုတ်ပြန်

ပြီးခဲ့သော တစ်ပတ်အတွင်း လာအိုနိုင်ငံတစ်ဝှမ်းတွင် ဩဂုတ်လအတွက် ပုံမှန်ထက် ပိုမိုပူပြင်းခဲ့ပြီး ဤအခြေအနေမှာ ဆက်လက်ဖြစ်ပေါ်နိုင်သလိုဩဂုတ်လ၄ ရက်မှ ၁၀ ရက်အတွင်း နိုင်...

ပြီးခဲ့သော တစ်ပတ်အတွင်း လာအိုနိုင်ငံတစ်ဝှမ်းတွင် ဩဂုတ်လအတွက် ပုံမှန်ထက် ပိုမိုပူပြင်းခဲ့ပြီး ဤအခြေအနေမှာ ဆက်လက်ဖြစ်ပေါ်နိုင်သလိုဩဂုတ်လ၄ ရက်မှ ၁၀ ရက်အတွင်း နိုင်ငံ၏မြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထိ၊ အလယ်ပိုင်းဒေသများတွင် ၃၆ ဒီဂရီစင်တီဂရိတ်၊ ဆိုင်းဆမ်ဘွန်းနယ်တွင် ၃၁ ဒီဂရီစင်တီဂရိတ်ခန့်နှင့် ဗီယင်ကျန်မြို့တော်တွင် ၃၇ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းမည်ဟု ခန့်မှန်းရပြီး၊ အပူပိုင်းလေဖိအားစနစ်နှင့် အနောက်တောင်မုတ်သုံလေ တို့ဆက်စပ်မှုကြောင့် မိုးရွာခြင်းနှင့် မိုးကြိုးပစ်ခြင်းများ မကြာခဏဖြစ်ပေါ်နိုင်သည်။ မြောက်ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင် နေရာကျဲကျဲမိုးရွာပြီး တစ်ခါတစ်ရံ မိုးသည်းထန်ကာ လေပြင်းတိုက်ခတ်နိုင်သည်။ ဤအခြေအနေများသည် အထူးသဖြင့် တောင်တန်းနှင့် သစ်တောဒေသများတွင် ရုတ်တရက် ရာသီဥတုပြောင်းလဲမှုများကို ဖြစ်စေနိုင်သည်။ တောင်ပိုင်းပြည်နယ်များတွင်လည်း အပူနှင့်စိုစွတ်သောရာသီဥတုကို တွေ့ကြုံရမည်ဖြစ်ပြီး တစ်ပတ်လုံး မိုးရွာခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ သို့သော် ဘိုလာဗန်ကုန်းပြင်မြင့်နှင့် ဆိုင်းဆမ်ဘွန်းကဲ့သို့သော တောင်ပေါ်ဒေသများတွင် ညနှင့်မနက်စောစောအချိန်များ၌ အေးမြမည်ဖြစ်သော်လည်း မိုးရွာခြင်းနှင့် လေမုန်တိုင်းများ ရှိနိုင်သည်။ ဗီယင်ကျန်းမြို့တော်တွင် အပူချိန်မြင့်မားသော နေ့များဖြစ်မည်ဖြစ်သော်လည်း အထူးသဖြင့် သီတင်းပတ်အစောပိုင်းတွင် မိုးရွာနိုင်ပြီး တိုတောင်းသော်လည်း ပြင်းထန်သော မိုးသည်းထန်စွာ ရွာနိုင်သည်။ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ရေကြီးခြင်း၊ ရုတ်တရက်ရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသဖြင့် မြေနိမ့်ပိုင်းရပ်ရွာများနှင့် မြစ်ကမ်းနားဒေသများတွင် နေထိုင်သူများအား သတိပေးထားသည်။ လူထုအနေဖြင့် သတိထားနေထိုင်ရန်၊ ရာသီဥတုသတင်းများကို စောင့်ကြည့်ရန်နှင့် ခရီးသွားလာခြင်း သို့မဟုတ် အပြင်တွင် အလုပ်လုပ်ခြင်းများပြုလုပ်ရာတွင် ဂရုစိုက်ရန် အကြံပြုထားသည်။






news-view-count-icon

22