ဆယ်စုနှစ်နီးပါးတိုင်အောင် လေဖြတ်ဝေဒနာကိုခံစားနေရသည့် ဟာသလူရွှင်တော်ကြီး ရေဒီယိုဦးမန်းကျော်သည် ဩဂုတ် ၃ ရက် ညပိုင်းက ကွယ်လွန်သွားကြောင်း ၎င်း၏သားဖြစ်သူ လူရွှင်တော် ကောင်းကျော်က လူမှုကွန်ရက်တွင် အသိပေးဖော်ပြထားချက်အရ သိရသည်။အဆိုပါ ဟာသလူရွှင်တော်ကြီး ရေဒီယိုဦးမန်းကျော် (ခ) ဦးကြည်မောင် သည် ဆယ်စုနှစ်နီးပါးတိုင်အောင် လေဖြတ်ဝေဒနာကြောင့် ပရိသတ်နှင့် ဝေးကွာခဲ့ပြီး လွန်ခဲ့သောလပိုင်းက မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံတွင် တက်ရောက်ကုသမှုခံယူရာမှ ပြန်လည်သက်သာ လာခဲ့ကြောင်း၊ ထို့နောက်မှ ကျန်းမာရေးချို့ယွင်းကာ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၉)လမ်း နေအိမ်တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်သည်။ကြွင်းကျန်သည့် ရုပ်အလောင်းကို ဩဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရေဝေးသုဿာန်၌ မီးသဂြိုလ်မည်ဖြစ်ပြီး ဩဂုတ် ၉ ရက်တွင် သင်္ဃန်းကျွန်းရှိ နေအိမ်၌ ရက်လည်ဆွမ်းကျွေးတရားနာမည်ဟုလည်း ဈာပနအစီအစဉ်နှင့်ပတ်သက်၍ လူရွှင်တော် ကောင်းကျော်က အသိပေးထားသည်။
ဟာသလူရွှင်တော်ကြီး ရေဒီယိုဦးမန်းကျော် လေဖြတ်ဝေဒနာခံစားနေရာမှ ကွယ်လွန်သွား
Aug 04 • 12:21 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
5 | 0 | 0 | 0 |