ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား စုံတွဲတစ်တွဲကို ရိုက်နှက်ခဲ့သည့် မျက်နှာဖုံးစွပ် အကြမ်းဖက်သမားလေးဦးကို ထိုင်းအာဏာပိုင်များ လိုက်လံရှာဖွေနေသည်ဟု ထိုင်းအခြေစိုက် Khaosod မီဒီယာက သတင်းဖော်ပြသည်။အဆိုပါ မြန်မာနိုင်ငံသား စုံတွဲမှာ ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင်ရှိ နေထိုင်ရာအဆောင်မှ လုပ်ငန်းခွင်သို့ သွားရောက်စဉ် ဇူလိုင် ၂၉ ရက် ညပိုင်းက ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်တစ်ခုလုံးကို လုံခြုံရေးကင်မရာများက ကြည်လင်ပြတ်သားစွာ ဖမ်းယူရရှိခဲ့ကြောင်း Photaram ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။" ဦးထုပ်ဆောင်းပြီး မျက်နှာဖုံးစွပ်ထားတဲ့ လူလေးယောက်က ကျွန်မတို့ကို လမ်းကြားအဝင်မှာ ရိုက်တာ" ဟု ရိုက်နှက်ခံရသည့် အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသမီးကစကားပြန်မှတစ်ဆင့် မီဒီယာများကို ပြောကြားသည်။ 

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား စုံတွဲတစ်တွဲကို ရိုက်နှက်ခဲ့သည့် မျက်နှာဖုံးစွပ် အကြမ်းဖက်သမားလေးဦးကို ထိုင်းအာဏာပိုင်များ လိုက်လံရှာဖွေနေ
Aug 04 • 10:17 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


