၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာပြုလုပ်မယ့် ဂျပန်ဘာသာအရည်အချင်းစစ် JLPT စာမေးပွဲအတွက် တစ်ဦးချင်းလျှောက်ထားသူများအား ရန်ကုန်နှင့်မန္တလေးစာဖြေဌာနများတွင် ဖြေဆိုလိုသည့်မြို့နယ်များကို ရွေးချယ်လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ဂျပန်ပြန်ပညာသင်ဟောင်းအသင်းက သိရသည်။ ရန်ကုန်တွင် N3, N4 Level များ၊ မန္တလေးတွင် N4 Level အတွက်သာ မြို့နယ်ရွေးချယ်ခွင့်ရှိပြီး ခုံနည်းပါးမှုရှိနိုင်သဖြင့် အမြန်လျှောက်ထားရန် တိုက်တွန်းထားသည်။ N1, N2, N5 Level များအတွက်တော့ မြို့နယ်ရွေးချယ်ရန်မလိုအပ်ဘဲ တနေရာတည်းကျင်းပမည်ဖြစ်သည်။



