၂၁ မိုင်ကနေ မန်းလေးအပြန်ကျောက်မီးဘက်က ကုလားကြီးခြံနားမှာ တို့ဆေးဖြင့် ပစ္စည်းလုယက်မှုဖြစ်ပွါး

Aug 03 • 3:38 PM

breaking-news

မြန်မာ

မန္တလေး

cover

၂၁ မိုင်ကနေ မန်းလေးအပြန်ကျောက်မီးဘက်က ကုလားကြီးခြံနားမှာ တို့ဆေးဖြင့် ပစ္စည်းလုယက်မှုဖြစ်ပွါး

အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦး ၂၁ မိုင်ကနေ မန်းလေးအပြန်ကျောက်မီးဘက်က ကုလားကြီးခြံနားမှာ မနက် ၁၀ နာရီလောက်က မိုးအရမ်းရွာလို့ အပင်အောက်မိုးခနခိုရင်း အသက်ငယ်ငယ်က...

အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦး ၂၁ မိုင်ကနေ မန်းလေးအပြန်ကျောက်မီးဘက်က ကုလားကြီးခြံနားမှာ မနက် ၁၀ နာရီလောက်က မိုးအရမ်းရွာလို့ အပင်အောက်မိုးခနခိုရင်း အသက်ငယ်ငယ်ကောင်မလေးတယောက်ဆိုင်ကယ်ထိုးရပ်ပီး ဆီပျက်လို့ပါဆိုပီးအကူညီတောင်းတာ ကို့ယ့်သမီးအရွယ်လေးဆိုတော့ ကူညီမလို့စဉ်းစားနေတုန်း ကူညီပါဦးလေးရယ်ဆိုပီး လက်မလွှတ်တမ်းအတင်းဆုပ်ကိုင်ပီး တို့ဆေးတို့ခံရတာဖြစ်ပြီး ဖုန်း ပိုက်ဆံအိတ် လက်စွပ် အကုန်ချွတ်ယူသွားပါတယ် ပစ္စည်းတွေချွတ်ယူတာ ဆိုင်ကယ်သော့တောင်းတာ ဦးလေးရေမိုးတွေရွာနေပီရွာနေပီ လို့ခနခနပြောတဲ့အသံတွေပဲကြားပီး လူကမှတ်ဥာဏ်ဘာမှမသိတော့ပါဘူးလို့ သိရပါသည်။ကံကောင်းလို့ လူမပြတ်လို့ဆိုင်ကယ်မယူသွားတာပါ ပစ္စည်းတွေယူသွားတဲ့မိန်းမက အသက်ငယ်ငယ် ကလစ်ဆိုင်ကယ်နဲ့ Mask အုပ်ထားပါတယ် သားသမီးဇောနဲ့မို့ သတိရတချက်မရတချက်နဲ့ ရေတံခွန်တောင်အိမ်ထိရောက်အောင်ပြန်လာနိုင်တာ ဘုရားပေးတဲ့အသက်ပါ အိမ်ရောက်တော့ ဘာမှမမှတ်မိပဲ မျက်ဖြူလန်ပီး အသံတွေတုန် တကိုယ်လုံးရဲစွတ်ပီး ခေါင်းလဲမထောင်နိုင် ဘာစကားမှမပြောနိုင်ပဲ ဗိုက်ထဲမှာ ပူပီးမီးတွေလောင်နေသလိုပဲဆိုပီးလူးလိမ့်နေတဲ့အထိ ဆေးပြင်းတာပါ ဖြေဆေးထိုးမှရတော့မဲ့အခြေနေမို့ အချိန်မှီဆေးခန်းမသွားရင် သွေးတိုးရှိတဲ့အဖေအခြေနေက မတွေးရဲစရာပါပဲ ကိုယ့်အဖေအရွယ်ကြီးကို ဘာတခုမှမလုပ်ပဲ ပစ္စည်းပဲယူသွားတဲ့ အောက်တန်းစားမလေးကို ကျေးဇူးတင်ပါတယ်ဟု လုယက်ခံရသူ အမျိုးသား၏သမီးဖြစ်သူက ပြောထားပါသည်။


news-view-count-icon

5