"ဒီမနက် ကျင်းပသွားတဲ့ UFC Fight Night ပြိုင်ပွဲမှာ ဂျပန် ဖိုက်တာ တက်ဆူရို တိုင်ရာ က အောင်ပွဲခံသွားပါတယ်။ ပြိုင်ဘက် ပါ့ခ် ကို ဒုတိယချီမှာ ချုပ်ကွက်နဲ့ ပွဲသိမ်းပါတယ်။ ၂၀၂၅ ခုနှစ် အတွက်တော့ နောက်ထပ် ဖိုက်တာ တစ်ယောက် ထပ်ပြီး ဘဲဥခွဲခံလိုက်ရတဲ့ ရလာဒ်မျိုး ဖြစ်ပြီးပွဲအပြီးမှာတော့ တက်ဆူရို တိုင်ရာ "ဗန် vs. ပန်တိုဂျာပွဲ အနိုင်ရတဲ့သူနဲ့ ထိုးချင်တယ်" ဆိုပြီး စိန်ခေါ်သွားခဲ့ပါတယ်။



