ရန်ကုန်၌၅၀ kgဂတ်အိုးပိုက်ပြုတ်ထွက်ပြီး ကုဋေကြွယ်လက်ဖက်ရည်ဆိုင် မီးလောင်မှုတွင် ဆိုင်အတွင်းရှိ အမျိုးသား ၇ ဦး မီးဟတ်ခံရပြီး မစိုးရိမ်ရသော မီးလောင်ဒဏ်ရာများရရှိသွားကြောင်း မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ သိရသလိုဩဂုတ်လ၂ရက် မနက်၁၀နာရီ ၅၅မိနစ်အချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ပုလဲ၂ရပ်ကွက်အမှတ်၃လမ်းနှင့်ဂန္ဓမာလမ်းထောင့်ရှိ ကုဋေကြွယ် လက်ဖက်ရည်ဆိုင်အလျားပေ ၅၀ အနံပေ ၄၀ ပေရှိ Steel Structur ၂ထပ်အဆောက်အဦတွင်မီးလောင်မှုဖြစ်ပွားခဲ့၍ ဆိုင်ဝန်ထမ်းများကCP(3)Kgမီးသတ်ဆေးဘူး၊ရေတို့ဖြင့်ဆိုကနဦးငြိမ်းသတ်ခဲ့သည်။ မီးမနိုင်သောကြောင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမြင့်ကြိုင် ကြီးကြပ်၍မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းနှင့်ပုလဲအရန်မီးသတ်စခန်းတို့မှမီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသည်ယာဉ်၄စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်၃၀တို့ ထပ်မံရောက်ရှိငြိမ်းသတ်ရာ မနက်၁၁နာရီ၁၇မိနစ်တွင်မီးထိန်းနိုင်ပြီး ၁၁နာရီ၂၅မိနစ်တွင် မီးငြိမ်းသွားခဲ့ကာ
မီးလောင်မှုအကြောင်းအရင်းကိုစီစစ်ရာ
မီးဖိုသုံး၅၀ Kg Gas အိုးပိုက်ပြုတ်ထွက်၍ ဘေးသို့ မီးကူးစက်လောင်ခြင်းဖြစ်ပါတယ်။မီးလောင်မှုကြောင့် လက်ဖက်ရည်ဆိုင်အဆောက်အဦးမျက်နှာကျက်များနှင့်ဘေးနံရံအကာကြိတ်သား အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့သလို ဆိုင်အတွင်း ရှိနေသူများဖြစ်သည့်အေးမင်းအောင်(၁၉)နှစ်(မျက်နှာပါးနှစ်ဘက်မီးဟတ်)နေခြည်ဦး(၁၉)နှစ်(ညာခြေထောက်မီးဟတ်)
နေထက်ထွန်း(၁၆)နှစ်(မျက်နှာညာဘက်နှင့်ကိုယ်လုံးမီးဟတ်)မြင့်မြတ်အောင်(၁၅) နှစ်(ခြေလက်နှစ်ဘက်မီးဟတ်)ထက်ကို(၃၃)နှစ်(ခြေလက်နှစ်ဘက်မီးဟတ်)ကြယ်ဝင်းထွန်း(၁၄)နှစ်(ခြေလက်နှစ်ဘက်မီးဟတ်)အောင်ကျော်လက်(၁၆)နှစ်(ခြေလက်နှစ်ဘက်မီးဟတ်)ဒဏ်ရာ စုစုပေါင်းအမျိုးသား၇ဦးမီးဟတ်ဒဏ်ရာ [မစိုးရိမ်ရ]များအသီးသီးရရှိသွားကြကာလက်ဖက်ရည်ဆိုင်မီးလောင်မှုအတွက် ဆိုင်ပိုင်ရှင်ကို ထောက်ကြံ့နယ်မြေရဲစခန်းမှ [ပ]၁၂၆/၂၀၂၅ ရာဇသတ်ကြီးပဒ်မ၂၈၅/၃၃၇တို့ဖြင့် အမှုဖွင့်အရေးယူထားပါတယ်။