မန္တလေးက ဒုံးဒုံးလေး(ရွှေနန်းသုခ)ရွှေဆိုင်ကို ဓါးပြတိုက်ခဲ့တဲ့အဖွဲ့က ဓါးပြခေါင်းဆောင်အောင်ခိုင်မင်း(ခ)မြင့်မြတ်မော်ကို ဇူလိုင်လ၃၁ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ကျွဲနားထောက်ကျေးရွာအုပ်စု၊တိုးကြီးကုန်းကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ လုံခြုံ ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဓါးပြခေါင်းဆောင်အောင်ခိုင်မင်း(ခ)မြင့်မြတ်မော်နဲ့ဓားပြအဖွဲ့ဝင်ဖြစ်တဲ့အောင်ကျော်သူတို့ကို ပြစ်မှုကျုးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ပစ္စတိုသေနတ်(၁)လက်၊ခဲယမ်း(စိစစ်ဆဲ)၊ရွှေထည်ပစ္စည်းများ(စိစစ်ဆဲ)တို့နဲ့အ တူ ဖမ်းဆီးရမိခဲ့တာလို့ ကနဦးစုံစမ်း သိရှိရပါတယ်။



