ယခုနောက်ပိုင်းတွင် အချိုရည်ဘူးခွံ၊ ဘီယာဘူးခွံများမှာ စျေးနှုန်းများမြင့်တက်လာခြင်းကြောင့် ပလုံ ကောက်သူများကြားတွင် အဆိုပါဘူးခွံများကို အဓိကထား၍ ကောက်ယူနေသည့်အပြင် ယမကာဆိုင်များသို့ပါ ဘူးခွံသွားရောက်တောင်းယူမှုများ ရှိလာကြောင်း အဖျော်ယမကာမျိုးစုံရောင်းချသောဆိုင်များထံမှ သိရသည်။ဘီယာဘူးခွံနှင့် အချိုရည်ဘူးခွံများမှာ တစ်ဘူးလျှင် ၁၂၀ ကျပ်မှ ၁၃၀ ကျပ်ကြားစျေးပေးပြီး ဘီယာ ပုလင်းမှာ ၁၅၀ ကျပ်မှ ၁၈၀ ကျပ်ကြားစျေးပေး၍ ဝယ်ယူကြောင်း၊ အချိုရည်ဘူးခွံမှာ ဘီယာဘူးခွံထက် ၁၀ ကျပ် နှုန်းစျေးပိုလေ့ရှိကြောင်း ဘူးခွံပုလင်းခွံအဟောင်းများ ရောင်းဝယ်လုပ်ကိုင်နေသူများထံမှ သိရသည်။စားသောက်ဆိုင်များနှင့် ယမကာအရောင်းဆိုင်များအနက် အများစုတွင် မိမိတို့ဆိုင်တွင်ရောင်းချခဲ့ရသည့် ဘူးခွံ၊ ပုလင်းခွံများကို မလွှင့်ပစ်တော့ဘဲ စုဆောင်းထားပြီး အလုပ်သမားများအတွက် အပိုငွေကြေးအဖြစ်ရရှိရန် ဘူးခွံပုလင်းခွံအဟောင်း ဝယ်ယူသည့်ဒိုင်များ၌ သွားရောင်းချခြင်းများလည်းရှိကြောင်း သိရသည်။
စျေးနှုန်းပိုရသည့် အချိုရည်ဘူးခွံ၊ ဘီယာဘူးခွံများကို ပလုံကောက်သူများကြားအဓိကထားလာ
Aug 02 • 12:55 PM
မြန်မာ
နေပြည်တော်
မျှဝေမည်
5 | 0 | 0 | 0 |