ကရင်ပြည်နယ် ၊ ဘားအံမြို့၊ မဲဘောင်ဈေးတံတားတွင် ယမန်နေ့ ဩဂုတ်လ (၁)ရက်က စက်လှေတစ်စီး ရေစီးနှင့် မျောပါတိမ်းမှောက်ခဲ့ပြီး စက်လှေပေါ်ပါ (၅)ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ) မှ သိရသလိုမိဇံကျေးရွာမှ ဈေးဝယ်လာသည့် စက်လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး တံတားအနီးတွင် (၃)ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ရေစီးနှင့် မျောပါသွားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုလည်း အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့ပါတယ်။
ကရင်ပြည်နယ်၊ဘားအံတွင် စက်လှေတိမ်းမှောက်မှု ထပ်မံဖြစ်ပွားကာလှေပေါ်ပါသူများ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့
Aug 02 • 2:53 AM
မြန်မာ
ကရင်
မျှဝေမည်
8 | 0 | 0 | 0 |