မန္တလေးမြို့က ရွှေနန်းသုခရွှေဆိုင်ကို သေနတ်ပစ်ဖောက် ဓားပြတိုက်သူများထဲမှ ၂ ဦးအား ဖမ်းမိ

Aug 01 • 3:00 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့က ရွှေနန်းသုခရွှေဆိုင်ကို သေနတ်ပစ်ဖောက် ဓားပြတိုက်သူများထဲမှ ၂ ဦးအား ဖမ်းမိ

မန္တလေးမြို့က ရွှေနန်းသုခရွှေဆိုင်ကို သေနတ်ပစ်ဖောက် ဓားပြတိုက်သူများထဲမှ ၂ ဦး ဖမ်းမိထားပြီ ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။ပြီးခဲ့သည့် ဇူလို...

မန္တလေးမြို့က ရွှေနန်းသုခရွှေဆိုင်ကို သေနတ်ပစ်ဖောက် ဓားပြတိုက်သူများထဲမှ ၂ ဦး ဖမ်းမိထားပြီ ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက် ညနေ ၄ နာရီအချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက် ရပ်ကွက်၊ ၃၉ လမ်း၊ ၈၄ x ၈၅ လမ်းကြားရှိ ရွှေနန်းသုခ အာမခံ စိန်၊ ရွှေ ရတနာဆိုင်တွင် ဝန်ထမ်း အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၁ ဦးမှ ဆိုင်ဖွင့်လှစ်ရောင်းချနေစဉ် လူ ၆ ဦးပါသော Honda Fit မော်တော်ယာဉ် အဖြူရောင်တစ်စီး ရောက်ရှိလာပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ကားပေါ်ကဆင်းလာခဲ့ကြကာ ဓားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

29