ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇူလိုင်လ ၃၁ ရက် မနေ့ည ၉ နာရီဝန်းကျင် စီတာပူရပ်ကွက် Autumn hotel လမ်းနား အမှိုက်ပစ်ဖို့ ဆိုင်ကယ်အတူစီးလာတဲ့ ယောင်္ကျားလေးတစ်ဦးနဲ့ မိန်းကလေးတစ်ဦးကို လူ ၆ ဦးက လမ်းမှာရပ်ခိုင်းပြီး ရိုက်နှက်ကာ ဆိုင်ကယ်လုယူသွားခဲ့တယ်လို့ ကျူးလွန်ခံရသူနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။



