တာချီလိတ်မြို့၌ ရေကျပြီးနောက် တွေ့ရသော ပုန်းထွန်းရပ်ကွက် မြင်ကွင်းအချို့

Aug 01 • 1:30 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

တာချီလိတ်မြို့၌ ရေကျပြီးနောက် တွေ့ရသော ပုန်းထွန်းရပ်ကွက် မြင်ကွင်းအချို့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များသို့ မိုးအဆက်မပြတ် ရွာသွန်းကာ မယ်ဆိုင်ချောင်း ရေကြီး၍ ရေများဝင်ရောက်ခဲ့ရာ ရေကြီးရ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များသို့ မိုးအဆက်မပြတ် ရွာသွန်းကာ မယ်ဆိုင်ချောင်း ရေကြီး၍ ရေများဝင်ရောက်ခဲ့ရာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ဓာတ်ပုံများတွင် ရေကျသွားသောကြောင့် ရွှံ့နွံ များတင်ကျန်ရစ်ခဲ့သဖြင့် ပုန်းထွန်းရပ်ကွက် လမ်းမများအတွင်း စက်ယန္တယားများဖြင့်ရှင်းလင်းနေပုံများ ဖြစ်သည်။တာချီလိတ်မြို့၌ ဇူလိုင် ၂၈ ရက်နံနက်က စတင်၍ ရေများဝင်ရောက်ခဲ့ပြီး ဇူလိုင် ၃၀ ရက်နေ့မှာ ရေကျသွားသဖြင့် ရွှံနွံများနှင့် အမှိုက်သရိုက်များကို ဌာနဆိုင်ရာများ၊ စည်ပင်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ စုပေါင်း၍ တာလော့ရပ်ကွက်၊ ပုန်းထွန်းရပ်ကွက်နှင့် ဗိုလ်ချုပ်လမ်းမ နဂါးနှစ်ကောင်ကျောင်းတိုက်အနီးတို့လည်း သန့်ရှင်းရေးဆောင်ရွက်နေကြကြောင်း သိရသည်။

news-view-count-icon

3