မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် (MTF) က ကြီးမှူးကျင်းပမယ့် “ MTF President’s Cup Teqball Open Championship 2025 “ (အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အလွတ်တန်းတက်ဂ်ဘော )ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက် ကနေ (၂၃) ရက် အထိ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြိုနယ်၊ သုဝဏ္ဏဘောလုံးကွင်းထဲက MFF Futsal Indoor Stadium မှာ ကစားနည်း(၅)မျိုးနဲ့ ကျင်းပမည်ဖြစ်ကာကျင်းပမယ့် ကစားနည်းတွေက အမျိုးသားတစ်ဦးချင်း (Men Single)၊ အမျိုးသမီးတစ်ဦးချင်း (Women Single) အမျိုးသားနှစ်ယောက်တွဲ (Men Double)၊ အမျိုးသမီးနှစ်ယောက်တွဲ (Women Double) ၊ အမျိုးသား၊အမျိုးသမီးစုံတွဲ (Mixed Double) တို့ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် တစ်ဦးကို ကြိုက်ရာ ပွဲစဥ်(၂)မျိုး ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပြီး စိတ်ပါဝင်စားသည့်အားကစားသမားမည်သူမဆို ကျိုက္ကဆံအားကစားဝင်းက တက်ဂ်ဘောလေ့ကျင့်ရေးရုံမှာ (၃၀/၇/၂၀၂၅)ရက် က (၈/၈/၂၀၂၅) ရက်နေ့အထိ နံနက် (၁၀:၀၀) နာရီမှ ညနေ (၂:၀၀) နာရီတွင်း စာရင်းသွင်းနိုင်ကာပြိုင်ပွဲဝင်တွေကို ဆုကြေး ထိုက်တန်စွာချီးမြှင့်မယ့်အပြင် အကောင်းဆုံးကစားသမားတွေကိုလည်း ၂၀၂၅ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲအတွက် ပဏာမ လက်ရွေးစင်များအဖြစ် စိစစ်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
MTF President’s Cup Teqball Open Championship 2025ကိုဆုကြေး ထိုက်ထိုက်တန်တန်ချီးမြှင့်မည်
Aug 01 • 6:31 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
12 | 0 | 0 | 0 |