ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင်အတွင်းရှိ ဟိုပုံး နှင့် ပင်လုံကြားရှိ ကျောက်တန်းလမ်းပိုင်းကို ယမန်နေ့တွင် ပြ န်လည်ဖြတ်သန်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။အလားတူ မိုးသည်းထန်မှုကြောင့် ရေတိုက်စားပျက်စီးခဲ့ရသည့် ရွာငံ - အောင်ပန်းအကြားရှိ မြိုင်ရွာအနီးက လမ်းပိုင်းကို ယာယီလမ်းဖောက်လုပ်ပေးထားပြီး ကားကြီးကားငယ်များကို အလှည့်ကျလွတ်ပေးနေကြောင်းလည်း သိရသည်။



