ကင်းတားဆည် ရေပိုလွှဲ ရေတံခါးမှ ရေကို ယနေ့နေ့လယ်၃နာရီမှစ လွှတ်သွားမည်

Jul 31 • 5:44 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကင်းတားဆည် ရေပိုလွှဲ ရေတံခါးမှ ရေကို ယနေ့နေ့လယ်၃နာရီမှစ လွှတ်သွားမည်

ကင်းတားဆည် ရေပိုလွှဲ ရေတံခါး ၂ ပေါက်ကနေ ဒီနေ့ ၃၁ ရက် ၊ နေ့လည်ပိုင်းမှာ ရေလွှတ်သွားမယ်လို့သိရကာဇူလိုင်၃၁ ရက် နေ့လည် ၃ နာရီ အချိန်က စတင်ပြီး ၊ ကင်းတားဆည်ရေပိုလွှဲ...

ကင်းတားဆည် ရေပိုလွှဲ ရေတံခါး ၂ ပေါက်ကနေ ဒီနေ့ ၃၁ ရက် ၊ နေ့လည်ပိုင်းမှာ ရေလွှတ်သွားမယ်လို့သိရကာဇူလိုင်၃၁ ရက် နေ့လည် ၃ နာရီ အချိန်က စတင်ပြီး ၊ ကင်းတားဆည်ရေပိုလွှဲရေတံခါး ၂ ပေါက် ကနေ ၀ ဒဿမ ၅ ပေစီရေလွှတ်သွားမယ်လို့ဆိုပါတယ်။ရေပိုလွှဲ ရေတံခါး ၂ ပေါက် ကနေ ၀ ဒဿမ ၅ ပေစီဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ပန်းလောင်မြစ်ကြောင်းတစ်လျှောက် မိုးရွာသွန်းမှုအခြေနေနဲ့ တမံအတွင်းရေဝင်ရောက်မှုအပေါ်မူတည်ပြီး ရေပိုလွှဲရေတံခါး တွေ ကို ထိန်းညှိဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ " ကင်းတားရေလှောင်တမံ ရဲ့ ထုတ်ပြန်ထားတဲ့အပေါ် မြစ်သားမီးသတ်ဦးစီးဌာန ကပြန်လည်အသိပေးပြောထားပါတယ်။အခုလို ရေလွှတ်တာနဲ့ပတ်သက်ပြီး အကူအညီလိုအပ်ပါက တောင်းခံနိုင်ဖို့အတွက်၊ မြစ်သားမြို့နယ်မီးသတ်ဦးစီးမှူးရုံး ၊ မြစ်သားမြို့နယ်မီးသတ်စခန်း ၊ ကူမဲနယ်မြေမီးသတ်စခန်း နဲ့ အရေးပေါ်ဆက်သွယ်ရေးဖုန်းတွေ ကို အသိပေးထုတ်ပြန်ပေးထားပါတယ်။



news-view-count-icon

17