ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် တောင်ကျရေကြောင့် ပင်းတယ - ရွာငံ လမ်းပိုင်းအချို့ပျက်စီးနေကာရက်ဆက်မိုးရွာသွန်းခြင်းကြောင့် ဇူလိုင်လ (၂၈) ရက်က စတင်ပြီး တောင်ကျချောင်းရေများ စီးဆင်းကာလမ်းများ၊ ကျေးရွာများနှင့် စိုက်ခင်းများသို့ ရေနှင့် ကျောက်တုံးကျောက်ခဲများ ဝင်ရောက်လာပြီး ပျက်စီးမှုများလည်း ရှိနေပါတယ်။လက်ရှိတွင်ရွာငံ - ပင်းတယ ဖြတ်လမ်းဖြစ်သည့် တောင်ပေါ်ကြီးလမ်းတွင်လည်း ရေတိုက်စားမှုကြောင့် လမ်းများပျက်စီးသွားပြီး သွားလာ၍မရတော့သည့် အခြေအနေဖြစ်နေပါတယ်။မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်အတွင်းရှိညောင်ရွှေ၊ ကလော၊ အင်းလေး၊ တာချီလိတ်၊ ပင်လောင်းတို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် တောင်ကျရေကြီးမှုကြောင့် ပင်းတယ - ရွာငံ လမ်းပိုင်းအချို့ ပျက်စီးခဲ့
Jul 30 • 7:18 AM
မြန်မာ
ရှမ်း
မျှဝေမည်
11 | 0 | 0 | 0 |